IMPORTANT: The prices shown here are indicative only and are subject to change without prior notice. They are not to be taken as an offer to deal & contract. This site & contributors group in CBox shall not be responsible for any loss or damage arising directly or indirectly from the use of reliance on the information provided herein.

Thursday, November 12, 2009

စင်္ကာပူဒေါ်လာ လဲလှယ်နှုန်း (12 NOV)

ကြာသပတေးနေ့ (နိုဝင်ဘာလ ၁၂ ရက်)

ဒီနေ့ စင်္ကာပူတစ်ဒေါ်လာ ပေးဈေးအဖြစ် . .
စင်္ကာပူ မှ ရန်ကုန် သို့ . .
မနက်ခင်းအစောပိုင်း စတင်ချိန် . . ကြားသိရတာကတော့ . .
730 Ks အောက်ဝန်းကျင်(730 Ks အထက် မရှိနိုင်တော့)ဟူ၍ အတည်မပြုသော ဈေးစကားများ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ တစ်နေ့တာလုံး . . အချိန်နဲ့အလိုက် . . ဖြစ်ပေါ်လာခဲ့တဲ့ ပေါက်ဈေးများအရ . .
ယခု ညနေခင်း စင်္ကာပူအချိန် လေးနာရီဝန်းကျင်အချိန်မှာ 720 Ks အောက်ထိ ဆင်းနေခဲ့ပြီး . .
720 Ks အောက်သာ ရှိသည်ဟု ဆိုပြန်သော်လည်း . .
တချို့ နေရာများတွင် 705 Ks ဝန်းကျင်သာ ပေးကောက်နေကြကြောင်း . . အသံများထွက်ပေါ်နေပြန်ပါတယ်။


အမှန်တကယ်လွှဲရင်တော့ တကယ်တမ်း အလုပ်ဖြစ်ပေးဈေးများအဖြစ် အများဆုံး အမြင့်ဆုံးဟု မဆိုနိုင်သော်လည်း ပျမ်းမျှရရှိနိုင်သည့် ပေးဈေးများမှာ 715 Ks ဝန်းကျင်ဟု ပြောပါတယ်။

သတိပြုရန်မှာ - မိမိလွှဲနေကျ ဆိုင်နေရာများ၊ လွှဲငွေပမာဏများ စသည့်အချက်များအရ မိမိတို့ရရှိမည့် ပေးဈေးများ အမျိုးမျိုးဖြစ်နေမည်ကို အထူးသတိပြုပေးပါရန်။
ယနေ့အဖို့ အထက်ဖော်ပြပါ စင်္ကာပူဒေါ်လာပေးဈေးများမှာ ကိုးကားညွှန်းဆို ချိင့်ချိန်နိုင်ရန်အတွက်သာဖြစ်ပြီး အမှန်တကယ်လွှဲရန်အတွက် မိမိဘာသာ မိမိ မေးမြန်းပြီး ရရှိလာမည့် ပေးဈေးသာ အတည်ဖြစ်ပါမည်။

Seja o primeiro a comentar

Post a Comment

ပို့စ် မော်ကွန်းတိုက် (နေ့စဉ်)

Search This Blog

Loading...

  ©:::::: Mr.Sail0rMoon ::::::. Template by Dicas Blogger.

TOP